Rain Live Wallpaper အလန်း။

Free ရတဲ့ Live wallpaper တွေထဲမှာ အကောင်းဆုံး တစ်ခုပါ။ စိတ်ရှုပ်စရာ ကြော်ငြာနဲ့  အပို တွေ မပါဝင်ပဲ Live wallpaper တစ်ခုလုံးကိုစိတ်ကြိုက် ချိန်ညှိနိုင်မယ့် လုပ်ဆောင်ချက် settings တွေ အများအပြားပါဝင်ပါတယ်။
မိုးစက်ကလေးများ တစ်စက် တစ်စက် ကျနေတဲ့အချိန် ကိုယ့်ဖုန်းရဲ့  အတွင်းမှန်ပြင်မှာ ရေငွေ့ ရိုက်ပြီး ရေမှုန်လေးတွေ ကပ်နေတဲ့ပုံစံပါ။ မှန်ပြင်မှာ ကပ်ညိနေတဲ့ ရေငွေ့ လေးတွေဟာ လက်ဖြင့် ပွတ်သပ်လိုက်ပါက ပျောက်ကွယ်သွားပြီး ခန နေမှ ပြန်တက်လာပါတယ်။ ဒါ့အပြင် အလင်းမှုံလေးတွေလည်း ပါဝင်ပါသေးတယ်။ Wallpaper ရဲ့  Settings ထဲမှာတော့ အသုံးပြုသူကို ၁၀၀% ပြုပြင်ထိန်းချုပ်ခွင့် ပေးထားပါတယ်။ မှန်ပြင်ရွေ့ လျားတိုင်း နောက်ခံပုံရွေ့ လျားစေခြင်း၊ နောက်ခံ ဓါတ်ပုံ ပြောင်းလဲခြင်း၊ မှန်ပြင်ပေါ် လာကပ်နေတဲ့ ရေမှုံလေးတွေ အနည်းအများ အဖွင့်အပိတ် effect ရဲ့  ကြိမ်နှုန်း စသဖြင့် ပြုပြင်စရာ လုပ်ဆောင်ချက်တွေ အများကြီးပါဝင်ပါတယ်။ စိတ်ဝင်စားရင် အောက်မှာ ဒေါင်းယူပါ။

 

Screenshot_2014-12-04-15-21-19 Screenshot_2014-12-04-15-22-10 Screenshot_2014-12-04-15-21-07
DOWNLOAD HERE | ဒေါင်းရန် ဒီမှာ နှိပ်ပါ

သဘောထား မှတ်ချက်ပေးမယ်